Skip to content

Managing Case Reports

ဤစာမျက်နှာသည် malaria case report များကို စီမံခန့်ခွဲရန် အသုံးပြုသည့် စာမျက်နှာ ဖြစ်ပါသည်။ ဤစာမျက်နှာတွင် malaria case report အားလုံးကို စာရင်းပြုစုဖော်ပြထားပြီး ရှာဖွေခြင်း၊ စစ်ထုတ်ခြင်း၊ စာရင်းထုတ်ယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။ စာမျက်နှာဘယ်ဘက်ရှိ navigation menu တွင် Malaria Case Reports ကိုနှိပ်၍ ယခုစာမျက်နှာကိုဖွင့်နိုင်ပါသည်။

Malaria Case Reports panel navigation

Add malaria case

စာမျက်နှာ၏ အပေါ်ဘက်ညာဘက်ထောင့်ရှိ “Add malaria case” ခလုတ်ကို နှိပ်၍ malaria case report အသစ်ကိုစာရင်းသွင်းနိုင်ပါသည်။ ဤခလုတ်ကို နှိပ်လိုက်ပါက ဒေတာသွင်းရန် ဖောင်တစ်ခု ပေါ်လာပါမည်။ အသေးစိတ်ကို Adding new case reports တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Add Malaria Case

Download Excel

စာမျက်နှာ၏ အပေါ်ဘက်ညာဘက်တွင် “Download Excel” ခလုတ်ရှိပါသည်။ ဤခလုတ်ကို နှိပ်၍ လက်ရှိ filter လုပ်ထားသော malaria case report များကို Excel ဖိုင်အဖြစ် ထုတ်ယူနိုင်ပါသည်။ Download Excel

Filters

“Filters” ခေါင်းစဉ်အောက်၌ malaria case report များကိုစစ်ထုတ်ကြည့်ရှု (filter) နိုင်မည့် အချက်များပါဝင်ပါသည်။

Filters

Period of RDT

RDT စမ်းသပ်စစ်ဆေးခဲ့သည့် ကာလကို ရွေးချယ်နိုင်ပါသည်။ From တွင် report စတင်လိုသည့်ရက်ကို ရွေးချယ်ပါ။ Until တွင် report ပြီးဆုံးလိုသည့်ရက်ကို ရွေးချယ်ပါ။

RDT

ငှက်ဖျားရောဂါ စစ်ဆေးမှုနှင့် ပတ်သက်သော filter များပါဝင်ပါသည်။ RDT positive cases ကိုအမှန်ခြစ်ရွေးချယ်ပြီး RDT positive case များကိုသာကြည့်ရှုနိုင်ပါသည်။

Malaria parasite

ငှက်ဖျားပိုးအမျိုးအစားအလိုက် စစ်ဆေးတွေ့ရှိသူများကို စစ်ထုတ်ကြည့်ရှုနိုင်ပါသည်။ “Parasite” ဆိုသည့်နေရာတွင် နှိပ်၍ အမျိုးအစားကို ရွေးချယ်ပါ။

Age Group

“select age group” ကိုနှိပ်၍ အသက်အုပ်စုအလိုက် စစ်ထုတ်နိုင်ပါသည်။ အသက် ၅ နှစ်အောက်၊ ၅ နှစ်မှ ၁၈ နှစ်၊ ၁၈ နှစ်အထက် ဟူ၍ရွေးချယ်ကြည့်ရှုနိုင်ပါသည်။

High risk group

“select high risk” ကို နှိပ်၍ ငှက်ဖျားပိုးစစ်ဆေးတွေ့ရှိလျှင် နောက်ဆက်တွဲအန္တရာယ်ရှိသည့် အုပ်စုများအလိုက် စစ်ထုတ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်၊ အသက်တစ်နှစ်အောက်ကလေး၊ အသက်ခြောက်လအောက်ကလေးငယ်နို့်တိုက်မိခင်၊ မသန်စွမ်းသူ၊ စစ်ဘေးရှောင် စသည်ဖြင့်ရွေးချယ်နိုင်ပါသည်။

Reset

အပေါ်ညာဘက်ထောင့်ရှိ “Reset” ခလုတ်ကို နှိပ်၍ filter အားလုံးကိုနဂိုမူလသို့ပြန်ပြောင်းနိုင်ပါသည်။

ဇယား၏ အပေါ်ပိုင်းညာဘက်ထောင့်တွင် “Search” ဟုရေးထားသော ရှာဖွေမှုအကွက်ရှိပါသည်။ ဤအကွက်တွင် အောက်ပါတန်ဖိုးများကို ရိုက်ထည့်၍ ရှာဖွေနိုင်ပါသည်။

  • အချက်အလက်ပေးပို့သည့်လ (Reporting month)
  • ငှက်ဖျားစစ်ဆေးမှုခံယူသူအမည် (Patient name)
  • ငှက်ဖျားစေတနာ့ဝန်ထမ်း ကျေးရွာအမည် (Village name of malaria volunteer)
  • အချက်အလက်ပေးပို့သူ၏ ကျေးရွာအမည် (Village name of reporting person)

Data Table

စာမျက်နှာအောက်ပိုင်းတွင် Malaria case report အချက်အလက်ဇယား ရှိပါသည်။ ဇယားတွင် အောက်ပါကော်လံများ ပါဝင်ပါသည်

Table headers

No.

ဇယားကွက်တွင်မှတ်တမ်းတစ်ခုချင်းစီအလိုက် နံပါတ်စဉ်ဖြစ်ပါသည်။

Reporting Month

Malaria case report အချက်အလက်ပေးပို့သည့်လကို ဖော်ပြထားပါသည် (နမူနာအားဖြင့် “January 2025”)။

RDT date

RDT စစ်ဆေးသည့်ရက်စွဲကို ဖော်ပြထားပါသည် (နမူနာအားဖြင့် “17-Jan-2025”)။

Patient name

ငှက်ဖျားစစ်ဆေးမှုခံယူသူ အမည်ကို ဖော်ပြထားပါသည်။

Age

ငှက်ဖျားစစ်ဆေးမှုခံယူသူ၏ အသက်ကို ဖော်ပြထားပါသည် (နမူနာအားဖြင့် “10 months” သို့မဟုတ် “25 years”)။

Gender

ငှက်ဖျားစစ်ဆေးမှုခံယူသူသည် အမျိုးသမီးဖြစ်ပါက ♀ သင်္ကေတဖြင့် ဖော်ပြပြီး အမျိုးသားဖြစ်ပါက ♂ သင်္ကေတဖြင့် ဖော်ပြထားပါသည်။ ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပါက ကိုယ်ဝန်ဆောင် သင်္ကေတဖြင့်ဖော်ပြထားပါသည်

<6mth Lactating

၆ လအောက် ကလေးငယ်မိခင်(နို့တိုက်မိခင်) ဟုတ်မဟုတ် ဖော်ပြထားပါသည်။

RDT

RDT စစ်ဆေးမှုရလဒ်ကို ဖော်ပြထားပါသည်။ RDT Positive ရလဒ်များကို အနီရောင် (+) သင်္ကေတနှင့်ပြသထားပြီး RDT Negative ရလဒ်များကို အစိမ်းရောင် (-) သင်္ကေတနှင့်ပြသထားပါသည်။

M.P

ငှက်ဖျားပိုးအမျိုးအစားကို ဖော်ပြထားပါသည် (နမူနာအားဖြင့် “Pf” (Plasmodium falciparum) သို့မဟုတ် “Pv” (Plasmodium vivax))။

Volunteer

စေတနာ့ဝန်ထမ်း၏ အမည်နှင့် ကျေးရွာ၊ မြို့နယ်အမည်တွဲလျက်ဖော်ပြထားပါသည်။

Edit

ဇယား၏ ညာဘက်ဆုံးတွင် “Edit” ခလုတ်ရှိပါသည်။ ဤခလုတ်ကို နှိပ်၍ သက်ဆိုင်ရာ malaria case report အချက်အလက်များကို ပြင်ဆင်နိုင်ပါသည်။ အသေးစိတ်ကို Editing malaria case report တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။

View

ဇယားတွင်းရှိ မှတ်တမ်းတစ်ခုချင်းစီကို mouse click နှိပ်ပြီး အသေးစိတ်ကြည့်ရှုနိုင်မည့်စာမျက်နှာသို့ သွားရောက်နိုင်ပါသည်။ Viewing malaria case report တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Data Selection

မှတ်တမ်းတခုချင်းစီ၏ ဘယ်ဘက်တွင် အမှန်ခြစ်ကွက်လေးများရှိပါသည်။ ဤအမှန်ခြစ်လေးများကို ရွေးချယ်၍ malaria case report များကို တစုတစည်းတည်း select လုပ်ရွေးယူနိုင်ပါသည်။ Data selection

Pagination

စာမျက်နှာ၏ အောက်ဆုံးတွင် ဇယားကွက်စာမျက်နှာ နံပါတ်များ ပေါ်လာပါမည်။ ဤနံပါတ်များကို နှိပ်၍ နောက်စာမျက်နှာများသို့ သွားနိုင်ပါသည်။

Table pagination