Skip to content

Adding Case Reports

Malaria case report အသစ်များကို စနစ်အတွင်းသို့ ထည့်သွင်းရန်အတွက် လမ်းညွှန်ချက်စာမျက်နှာဖြစ်ပါသည်။

ဘယ်ဘက် Navigation ရှိ Malaria Case Reports ကိုနှိပ်ပါ။

Add Malaria Case ခလုတ်ကိုနှိပ်ပါ။

Add Malaria Case

Reporting Period

Reporting Month and year

အချက်အလက်ပေးပို့သည့် လနှင့်ခုနှစ်ကိုရွေးချယ်ရန်ဖြစ်ပါသည်။ လက်ရှိလအပါအဝင်စတင်ရေတွက်လျှင် လွန်ခဲ့သောငါးလမြောက်အထိ ရွေးချယ်နိုင်ပါသည်။ “Select reporting period” ကိုနှိပ်၍ သက်ဆိုင်ရာလနှင့်နှစ်ကို ရွေးချယ်ပါ။

RDT date

ငှက်ဖျားစစ်ဆေးသည့်ရက်စွဲကို ရွေးချယ်ရန်ဖြစ်ပါသည်။ ပြက္ခဒိန်ထဲမှ ရက်စွဲကိုရွေးချယ်ပါ။ ဤအချက်အလက်သည် မဖြစ်မနေဖြည့်စွက်ရမည့်အချက်ဖြစ်ပြီး ယနေ့ရက်စွဲကို နောက်အကျဆုံးရွေးနိုင်ပါသည်။ အစောဆုံးနေ့ကိုမူ ယနေ့မှစရေတွက်လျှင် လွန်ခဲ့သောတစ်နှစ်အထိရွေးနိုင်ပါသည်။

Client Information

Client Name

ငှက်ဖျားစစ်ဆေးမှုခံယူသူ၏ အမည်အပြည့်အစုံကို ဖြည့်စွက်ရန်ဖြစ်ပါသည်။ ဤအချက်အလက်သည် မဖြစ်မနေဖြည့်စွက်ရမည့်အချက်ဖြစ်ပါသည်။ မြန်မာဘာသာ (ယူနီကုဒ်) နှင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာနှင့်ဖြစ်စေ ထည့်သွင်းနိုင်ပါသည်။

Age Unit

ငှက်ဖျားစစ်ဆေးသူ၏ အသက်ယူနစ်ကို ရွေးချယ်ရန်ဖြစ်ပါသည်။ ပေးထားချက်များမှာ -

  • Day (ရက်)
  • Month (လ)
  • Year (နှစ်)

Age

ငှက်ဖျားစစ်ဆေးမှုခံယူသူ၏ အသက်ကို ဖြည့်စွက်ရန်ဖြစ်ပါသည်။ ရွေးချယ်ထားသော အသက်ယူနစ်အလိုက် သက်ဆိုင်ရာတန်ဖိုးကို ဖြည့်စွက်ပေးရမည်ဖြစ်ပါသည်။

Gender

ငှက်ဖျားစစ်ဆေးမှုခံယူသူ၏ ကျား/မကို ရွေးချယ်ရန်ဖြစ်ပါသည်။ ပေးထားချက်များမှာ -

  • Male (အမျိုးသား)
  • Female (အမျိုးသမီး)
  • Other (အခြား)

Pregnancy?

ငှက်ဖျားစစ်ဆေးမှူခံယူသူသည် အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ရှိ/မရှိကို ရွေးချယ်ရန်ဖြစ်ပါသည်။

Lactating mother?

ငှက်ဖျားစစ်ဆေးမှုခံယူသူသည် အမျိုးသမီးဖြစ်ပါက (၆)လအောက် ကလေးငယ် နို့်တိုက်မိခင်ဟုတ်/မဟုတ်ကို ရွေးချယ်ရန်ဖြစ်ပါသည်။

Address

ငှက်ဖျားစစ်ဆေးမှုခံယူသူ၏ နေရပ်လိပ်စာကို ဖြည့်စွက်ရန်ဖြစ်ပါသည်။ မြန်မာဘာသာ (ယူနီကုဒ်) နှင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာနှင့်ဖြစ်စေ ထည့်သွင်းနိုင်ပါသည်။

RDT

RDT result

ငှက်ဖျားစစ်ဆေးမှုရလဒ်ကို ရွေးချယ်ရန်ဖြစ်ပါသည်။ ပေးထားချက်များမှာ

  • Positive (ပိုးတွေ့)
  • Negative (ပိုးမတွေ့)

Malaria Parasite

ငှက်ဖျားရောဂါပိုးအမျိုးအစားကို ရွေးချယ်ရန်ဖြစ်ပါသည်။ ပေးထားချက်များမှာ -

  • Plasmodium falciparum
  • Plasmodium vivax
  • Mixed

Symptoms

ငှက်ဖျားရောဂါလက္ခဏာ ပြင်းထန်မှုအဆင့်ကို ရွေးချယ်ရန်ဖြစ်ပါသည်။ ပေးထားချက်များမှာ -

  • Moderate (အသင့်အတင့်)
  • Severe (ပြင်းထန်)

Treatment Information

Antimalaria prescribed

ငှက်ဖျားရောဂါတွေ့ရှိသူအား ကုသပေးသည့် ဆေးဝါးအမျိုးအစားများကို ရွေးချယ်ရန်ဖြစ်ပါသည်။ ရွေးချယ်နိုင်သော ဆေးဝါးများမှာ

  • ACT 24
  • ACT 18
  • ACT 12
  • ACT 6
  • Chloroquine
  • Primaquine

Treatment received

ငှက်ဖျားလူနာသည် ဆေးကုသမှုမည်သည့်အချိန်တွင် ရရှိခဲ့သည်ကို ရွေးချယ်ရန်ဖြစ်ပါသည်။ ပေးထားချက်များမှာ -

  • Within 24 hour
  • After 24 hour

Treatment Outcome

ငှက်ဖျားလူနာ၏ ကုသမှုရလဒ်ကို ဖော်ပြရန်ဖြစ်ပါသည်။

Referred?

လူနာအား အခြားဆေးခန်း/ဆေးရုံသို့ လွှဲပြောင်းကုသမှုပြုလုပ်ခဲ့ပါက ဤနေရာတွင် အမှန်ခြစ်ပါ။

Expiry with malaria

လူနာသည် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့ပါက ဤနေရာတွင် အမှန်ခြစ်ပါ။

Additional Information

Travelled within 2wk to 1mth?

လူနာသည် လွန်ခဲ့သော ၂ပတ်မှ ၁လအတွင်း ခရီးသွားခဲ့ခြင်းရှိ/မရှိ အမှန်ခြစ်ရန်ဖြစ်ပါသည်။

Occupation

လူနာ၏ အလုပ်အကိုင်ကို ရွေးချယ်ရန်ဖြစ်ပါသည်။ ပေးထားချက်များမှာ -

  • ရာဘာခြံလုပ်ငန်း
  • ဥယျာဉ်ခြံလုပ်ငန်း
  • ဆောက်လုပ်ရေးလုပ်ငန်း
  • တောတောင်နှင့်ဆက်စပ်သောလုပ်ငန်း
  • မိုင်းတွင်းလုပ်ငန်း
  • အခြားလုပ်ငန်း

Other occupation

လူနာ၏ အလုပ်အကိုင်သည် “အခြားလုပ်ငန်း” ဖြစ်ပါက ဤနေရာတွင် အလုပ်အကိုင်အမျိုးအစားကို ဖြည့်စွက်ရန်ဖြစ်ပါသည်။

Person with disability?

လူနာသည် မသန်စွမ်းသူဖြစ်ပါက ဤနေရာတွင် အမှန်ခြစ်ပါ။

Internally displaced person?

လူနာသည် စစ်ဘေးရှောင်ဖြစ်ပါက ဤနေရာတွင် အမှန်ခြစ်ပါ။

Remarks

အခြားမှတ်ချက်များ၊ ထပ်ဆောင်းအချက်အလက်များရှိပါက ဤနေရာတွင် ဖြည့်စွက်နိုင်ပါသည်။

Volunteer & Reporting User

Volunteer Name

ငှက်ဖျားစစ်ဆေးပေးသူ စေတနာ့ဝန်ထမ်း၏ အမည်ကို ရွေးချယ်ရန်ဖြစ်ပါသည်။

Volunteer township

ငှက်ဖျားစေတနာ့ဝန်ထမ်း၏ မြို့နယ်ကို ရွေးချယ်ရန်ဖြစ်ပါသည်။

Volunteer village

ငှက်ဖျားစေတနာ့ဝန်ထမ်း၏ ကျေးရွာကို ရွေးချယ်ရန်ဖြစ်ပါသည်။ မြို့နယ်ကိုရွေးချယ်ပြီးမှသာ ဤနေရာတွင် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ကျေးရွာများစာရင်းမှ ရွေးချယ်နိုင်မည်ဖြစ်ပါသည်။

Reporting user name

ငှက်ဖျားစစ်ဆေးမှုမှတ်တမ်းများကို စနစ်အတွင်းသို့ ထည့်သွင်းပေးပို့သူ၏ အမည်ကို ရွေးချယ်ရန်ဖြစ်ပါသည်။

Reporting user township

အချက်အလက်ပေးပို့သူ၏ မြို့နယ်ကို ရွေးချယ်ရန်ဖြစ်ပါသည်။

Reporting user village

အချက်အလက်ပေးပို့သူ၏ ကျေးရွာကို ရွေးချယ်ရန်ဖြစ်ပါသည်။ မြို့နယ်ကိုရွေးချယ်ပြီးမှသာ ဤနေရာတွင် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ကျေးရွာများစာရင်းမှ ရွေးချယ်နိုင်မည်ဖြစ်ပါသည်။

Reporting User ID

အချက်အလက်ပေးပို့သူ၏ ID ကို အလိုအလျောက်ပြသပေးမည်ဖြစ်ပါသည်။ ဖြည့်စွက်ရန်မလိုပါ။ “Reporting user name” ကိုရွေးချယ်ပြီးပါက သက်ဆိုင်ရာ User ID ကို အလိုအလျောက်ပြသပေးမည်ဖြစ်ပါသည်။

Saving Information

ပုံစံကိုပြည့်စုံစွာဖြည့်စွက်ပြီးပါက စာမျက်နှာအောက်ခြေရှိ “Create” ခလုတ်ကို နှိပ်၍ အချက်အလက်များကို သိမ်းဆည်းနိုင်ပါသည်။ Create Malaria Case Report Button