Skip to content

Editing Case Reports

Malaria case report များကို ပြင်ဆင်တည်းဖြတ်ရန်အတွက် လမ်းညွှန်ချက်စာမျက်နှာဖြစ်ပါသည်။

Accessing the Edit Page

Malaria case report တစ်ခုကို ပြင်ဆင်တည်းဖြတ်ရန် နှစ်နည်းရှိပါသည်။

Table မှဝင်ရောက်ခြင်း

  1. ဘယ်ဘက် Navigation ရှိ Malaria Case Reports ကိုနှိပ်ပါ။
  2. ဇယားတွင်ပြထားသော case တစ်ခုချင်းစီ၏ အဆုံးတွင်ရှိသော pencil icon (✏️) ကိုနှိပ်ပါ။

Row edit button

View page မှတဆင့်ဝင်ရောက်ခြင်း

Malaria case report ၏ အသေးစိတ်ကြည့်ရှုရာစာမျက်နှာတွင် စာမျက်နှာအပေါ်ညာဘက်ထောင့်ရှိ “Edit” ခလုတ်ကိုနှိပ်ပါ။

View case report nagivation buttons

Editing records

Edit page သို့ရောက်ရှိပါက အချက်အလက်များကို ပြင်ဆင်တည်းဖြတ်နိုင်ပါပြီ။ ပြင်ဆင်တည်းဖြတ်နိုင်သော အချက်အလက်များမှာ case report အသစ်တစ်ခု ထည့်သွင်းပုံအတိုင်းဖြစ်ပါသည်။

ဖြည့်စွက်ရန် အကွက်တစ်ခုချင်းစီတွင် ပြင်ဆင်လိုသည့်မှတ်တမ်းမှ အချက်အလက်များကြိုတင်ဖြည့်သွင်းထားပြီးဖြစ်သည့်အတွက် ပြင်ဆင်လိုသည့်အချက်များကိုသာ ပြောင်းလဲရန်လိုပါသည်။


Reporting Period

Reporting Month and year

အချက်အလက်ပေးပို့သည့် လနှင့်ခုနှစ်ကို ပြင်ဆင်လိုပါက ရွေးချယ်ရန်ဖြစ်ပါသည်။ လက်ရှိလအပါအဝင်စတင်ရေတွက်လျှင် လွန်ခဲ့သောငါးလမြောက်အထိ ရွေးချယ်နိုင်ပါသည်။

RDT date

ငှက်ဖျားစစ်ဆေးသည့်ရက်စွဲကို ပြင်ဆင်လိုပါက ပြက္ခဒိန်ထဲမှ ရက်စွဲကိုရွေးချယ်ပါ။

Client Information

Client Name

ငှက်ဖျားစစ်ဆေးမှုခံယူသူ၏ အမည်ကို ပြင်ဆင်လိုပါက ဤနေရာတွင် ပြင်ဆင်နိုင်ပါသည်။

Age Unit & Age

ငှက်ဖျားစစ်ဆေးသူ၏ အသက်ယူနစ်နှင့် အသက်ကို ပြင်ဆင်လိုပါက ဤနေရာတွင် ပြင်ဆင်နိုင်ပါသည်။

Gender

ငှက်ဖျားစစ်ဆေးမှုခံယူသူ၏ ကျား/မကို ပြင်ဆင်လိုပါက ဤနေရာတွင် ပြင်ဆင်နိုင်ပါသည်။

Pregnancy & Lactating mother

“Female” ကိုရွေးချယ်ထားပါက ဤနေရာတွင် ကိုယ်ဝန်ရှိ/မရှိနှင့် (၆)လအောက် ကလေးငယ် နို့်တိုက်မိခင်ဟုတ်/မဟုတ်ကို ပြင်ဆင်နိုင်ပါသည်။

Address

ငှက်ဖျားစစ်ဆေးမှုခံယူသူ၏ နေရပ်လိပ်စာကို ပြင်ဆင်လိုပါက ဤနေရာတွင် ပြင်ဆင်နိုင်ပါသည်။

RDT

RDT result

ငှက်ဖျားစစ်ဆေးမှုရလဒ်ကို ပြင်ဆင်လိုပါက ဤနေရာတွင် ပြင်ဆင်နိုင်ပါသည်။

Malaria Parasite & Symptoms

“Positive” ကိုရွေးချယ်ထားပါက ဤနေရာတွင် ငှက်ဖျားရောဂါပိုးအမျိုးအစားနှင့် ရောဂါလက္ခဏာ ပြင်းထန်မှုအဆင့်ကို ပြင်ဆင်နိုင်ပါသည်။

Treatment Information

Antimalaria prescribed

ငှက်ဖျားရောဂါတွေ့ရှိသူအား ကုသပေးသည့် ဆေးဝါးအမျိုးအစားများကို ပြင်ဆင်လိုပါက ဤနေရာတွင် ပြင်ဆင်နိုင်ပါသည်။ ဆေးဝါးများကို ထပ်ပေါင်းရွေးချယ်နိုင်သလို ရွေးထားသည့်ဆေးဝါးများကို ပယ်ဖျက်နိုင်ပါသည်။

Treatment received & Treatment Outcome

ငှက်ဖျားလူနာသည် ဆေးကုသမှုမည်သည့်အချိန်တွင် ရရှိခဲ့သည်နှင့် ကုသမှုရလဒ်ကို ပြင်ဆင်လိုပါက ဤနေရာတွင် ပြင်ဆင်နိုင်ပါသည်။

Additional Information

Travel history

Occupation

Person with disability

Internally displaced person

Remarks

လူနာ၏ ခရီးသွားခဲ့ခြင်းရှိ/မရှိ၊ အလုပ်အကိုင်၊ မသန်စွမ်းသူဟုတ်/မဟုတ်၊ စစ်ဘေးရှောင်ဟုတ်/မဟုတ် နှင့် အခြားမှတ်ချက်များကို ပြင်ဆင်လိုပါက ဤနေရာတွင် ပြင်ဆင်နိုင်ပါသည်။

Volunteer & Reporting User

Volunteer

ငှက်ဖျားစစ်ဆေးပေးသူ စေတနာ့ဝန်ထမ်း၏ အမည်၊ မြို့နယ်နှင့် ကျေးရွာတို့ကို ပြင်ဆင်လိုပါက ဤနေရာများတွင် ပြင်ဆင်နိုင်ပါသည်။

Reporting User

ငှက်ဖျားစစ်ဆေးမှုမှတ်တမ်းများကို စနစ်အတွင်းသို့ ထည့်သွင်းပေးပို့သူ၏ အမည်၊ မြို့နယ်နှင့် ကျေးရွာတို့ကို ပြင်ဆင်လိုပါက ဤနေရာများတွင် ပြင်ဆင်နိုင်ပါသည်။

Saving case report

ပြင်ဆင်တည်းဖြတ်ပြီးပါက စာမျက်နှာအောက်ခြေရှိ “Save” ခလုတ်ကို နှိပ်၍ အချက်အလက်များကို သိမ်းဆည်းနိုင်ပါသည်။

Save Button

ပြင်ဆင်တည်းဖြတ်ပြီးနောက် အချက်အလက်များတည်းဖြတ်ပြီးကြောင်း အသိပေးစာသားဖော်ပြပေးမည်ဖြစ်ပြီး၊ အပေါ်ညာဘက်ရှိ “Back” ခလုတ်နှိပ်၍ ပြန်လည်ထွက်ခွာနိုင်ပါသည်။


Canceling Edits

အချက်အလက်များကို ပြင်ဆင်တည်းဖြတ်နေစဉ် ပြန်လည်သိမ်းဆည်းလိုခြင်းမရှိပါက စာမျက်နှာအထက်ညာဘက်ရှိ “Cancel” ခလုတ်ကို နှိပ်၍ ပြင်ဆင်ခြင်းမှ ထွက်ခွာနိုင်ပါသည်။ ထိုသို့လုပ်ဆောင်ပါက ပြင်ဆင်တည်းဖြတ်ထားသော အချက်အလက်များပျက်သွားပြီး မူလအချက်အလက်များအတိုင်း ပြန်လည်ဖော်ပြပေးမည်ဖြစ်ပါသည်။

Cancel Button


Deleting case reports

ငှက်ဖျားစစ်ဆေးမှုအချက်အလက်များကို ဖျက်လိုပါက Edit စာမျက်နှာ၏ အထက်ညာဘက်အစွန်ရှိ “Delete” ခလုတ်ကိုနှိပ်၍ ဖျက်နိုင်ပါသည်။ Delete နှိပ်ပြီးနောက်အတည်ပြုချက်ထပ်မံပေါ်လာသည့်အခါ Delete ထပ်နှိပ်ခြင်းဖြင့် ဖျက်နိုင်ပါသည်။

Delete Case Report Button

Delete confirmation dialog