Skip to content

CHDN Case Report

Introduction

CHDN Case Report mobile application ဟာ အင်တာနက်ဆက်သွယ်မှုခက်ခဲတဲ့ ဒေသတွေမှာ အချက်အလက်များကောက်ယူစုဆောင်းနိုင်တဲ့ ဖုန်းသုံး/တက်ဘလက်သုံး application ဖြစ်ပါတယ်။ Android ဖုန်း/တက်ဘလက်တွေမှာ အဓိကအသုံးပြုနိုင်မှာဖြစ်ပြီး မိမိအဖွဲ့အစည်းအတွင်း၌သာ ဖြန့်ဝေအသုံးပြုတာဖြစ်ပါတယ်။

Downloading mobile application

Security and privacy settings

ဖုန်း/တက်ဘလက်အမျိုးအစားပေါ်မူတည်ပြီး Setting ကွာခြားမှုရှိနိုင်ပါတယ်။ ယခုဥပမာမှာတော့ Samsung Galaxy Tab A7 Lite မှာ Setting ပြောင်းလဲပုံကိုဖော်ပြထားပါတယ်။

  • ဖုန်း/တက်ဘလက်ရဲ့ Settings ကိုသွားပါ
  • Security and privacy ကိုသွားပါ
  • Install unknown apps ကိုသွားပါ

Security and Privacy settings

  • Chrome ရဲ့ဘေးမှာဖွင့်ပေးပါ။ Chrome browser ကနေ download လုပ်လိုက်တဲ့ application တွေကို install ပေးလုပ်အောင်ဖွင့်ပေးတာဖြစ်ပါတယ်။

Turn on chrome

ဒါပြီးရင် Application download ပြီး install လို့ရပါပြီ။

Downloading the application

mobile application ကို download လုပ်ဖို့အတွက် CHDN Portal ကိုသွားပါ။

  • Login အောက်ဆုံးက Download Mobile Apps ကိုနှိပ်ပါ

Go to homepage

  • CHDN Malaria Case Report tab ကိုသွားပါ
  • Download App ခလုတ်ကိုနှိပ်ပါ

Download

  • Chrome မှာ download ပြီးသွားရင် CHDNCR.apk ဖိုင်ကိုဖွင့်ပါ

Downloaded file

  • Install ကိုနှိပ်ပါ
  • Send app for scan ပေါ်လာရင် Don’t send ကိုနှိပ်ပါ

Dont' send

  • Install လုပ်ပြီးသွားရင် Open ကိုနှိပ်ပါ

Initial Application Setup

Application ကို install လုပ်ပြီးပြီဆိုတာနဲ့ အင်တာနက်ချိတ်ဆက်မှုမရှိလည်း စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အင်တာနက်ဆက်သွယ်မှုမရရှိတဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့အဓိကရည်ရွယ်တာကြောင့် Account login ဝင်ရတဲ့စနစ်နဲ့မဟုတ်ဘဲ မိမိ profile information ကိုဖြည့်သွင်းပြီးစတင်အသုံးပြုရတဲ့ offline-first approach ကိုအသုံးပြုထားပါတယ်။

Profile information

Application ဖွင့်ကာစမှာ profile page ကိုအရင်တွေ့ရပါမယ်။ စသုံးသုံးချင်းမှာ မိမိ profile information ကိုအရင်ဖြည့်ဖို့လိုပါတယ်။

  • ကျေးရွာအမည်မှာ မိမိကျေးရွာရှာမတွေ့ဘူးဆိုရင် “ကျေးရွာအမည်ရှာမတွေ့ပါ” ကိုအမှန်ခြစ်ပါ
  • မိမိကျေးရွာအမည်ကိုထပ်မံရိုက်ထည့်ပါ
  • အချက်အလက်များ ပြည့်စုံအောင်ထည့်သွင်းပြီးတဲ့အခါ Save Profile ခလုတ်ကိုနှိပ်ပါ
  • ပြည့်ပြည့်စုံစုံထည့်သွင်းပြီးပြီဆိုရင် Home စာမျက်ကိုရောက်ပါမယ်
  • အောက်ဆုံးက navigation menu က Profile ကိုနှိပ်ပြီး မိမိ profile information ကိုပြန်လည်ကြည့်ရှုနိုင်ပါတယ်

Profile Icon

  • profile မှာ တခုခု update လုပ်ဖို့လိုလာတိုင်း Edit Profile ခလုတ်ကိုနှိပ်ပြီး ဖြည့်နိုင်ပါတယ်

Volunteer information

Profile information က အချက်အလက်ဖြည့်သွင်းသူရဲ့ အချက်အလက်တွေဖြစ်ပြီး volunteer information ကတော့ငှက်ဖျားစေတနာ့ဝန်ထမ်းတွေရဲ့ အချက်အလက်တွေဖြစ်ပါတယ်။ အချက်အလက်ဖြည့်သွင်းသူကိုယ်တိုင် ငှက်ဖျားစေတနာ့ဝန်ထမ်းဖြစ်နေမယ်ဆိုရင် profile information မှာကော Volunteer information မှာကော နှစ်ခါဖြည့်ပေးဖို့လိုပါတယ်။ profile information မှာလူတစ်ယောက်တည်းရဲ့ အချက်အလက်တွေဖြည့်ပေးဖို့လိုပြီး voluteer information မှာ မိမိသက်ဆိုင်ရာဒေသအလိုက် စေတနာ့ဝန်ထမ်းအရေအတွက်များစွာ ထည့်သွင်းထားနိုင်ပါတယ်။

  • Home စာမျက်နှာမှာ Add Record ခလုတ်ကိုနှိပ်ပါ

Add Record

  • Volunteer အချက်အလက်မရှိသေးကြောင်း အသိပေးချက်ပေါ်လာရင် OK နှိပ်ပါ
  • ငှက်ဖျားစေတနာ့ဝန်ထမ်းအချက်အလက်ထည့်သွင်းပါ
  • volunteer list စာမျက်နှာပြန်ရောက်ရင် Add Volunteer ခလုတ်ကိုနှိပ်ပြီး ထပ်မံထည့်သွင်းနိုင်ပါတယ်

Entering Malaria Information

  • Home ကိုပြန်သွားပါ။ Add Record ခလုတ်ကိုနှိပ်ပါ

Add Record

  • အချက်အလက်ပေးဖို့သူနေရာမှာ မိမိဖြည့်သွင်းခဲ့တဲ့ profile information ထဲကအတိုင်းပြပေးပါမယ်
  • အနီရောင်ကြယ်ပွင့်ပြထားတဲ့ နေရာတွေဟာ မဖြစ်မနေထည့်သွင်းပေးရမယ့်အချက်အလက်တွေဖြစ်ပါတယ်။
  • Volunteer ထဲမှာ RDT test စစ်ပေးတဲ့ စေတနာ့ဝန်ထမ်းအမည်ကိုရွေးချယ်ပါ။
  • Reporting month ကိုရွေးပါ။ ယခုလက်ရှိလကိုပဲရွေးလို့ရမှာဖြစ်ပါတယ်
  • Reporting year ကိုရွေးပါ
  • သွေးဖောက်စစ်သည့် ရက်စွဲမှာတော့ RDT စစ်ဆေးတဲ့ရက်စွဲကိုရွေးပေးပါ
  • Patient အမည်ထည့်ပါ
  • အသက်ယူနစ်မှာ ရက်၊ လ၊ နှစ် အရင်ရွေးပြီးသက်ဆိုင်ရာ အသက်ကိုထည့်ပေးပါ
  • လိပ်စာနေရာမှာ patient ရဲ့လိပ်စာထည့်ပေးတဲ့အခါ မြန်မာယူနီကုဒ်စာလုံးနှင့်ဖြစ်စေ၊ English စာလုံးနှင့်ဖြစ်စေ ထည့်သွင်းထားနိုင်ပါတယ်
  • ကျား/မရွေးချယ်ပါ။ “မ” ဆိုရင် ကိုယ်ဝန်ဆောင်ဟုတ်/မဟုတ် နဲ့ အသက်ခြောက်လအောက်ကလေးငယ်နို့်တိုက်မိခင် ဟုတ်/မဟုတ် ထပ်မံအတည်ပြုပေးဖို့လိုပါတယ်
  • RDT test မှာ Negative ရွေးလိုက်ရင်တော့ အောက်မှာဆက်ဖြည့်ဖို့မလိုတော့ဘဲ Save နှိပ်ပြီးသိမ်းလို့ရပါပြီ
  • RDT positive ရွေးလိုက်ရင် Malaria parasite အမျိုးအစားထပ်ရွေးပေးပါ
  • ရောဂါလက္ခဏာရွေးချယ်ပါ
  • ကုသပေးတဲ့ ငှက်ဖျားဆေးကိုရွေးပြီး ဆေးလုံးရေထပ်မံထည့်သွင်းပေးပါ
  • လူနာလွှဲပြောင်းပေးရခြင်း ရှိ/မရှိ၊ လူနာသေဆုံးခြင်း ရှိ/မရှိ အမှန်ခြစ်အကွက်မှာ ထပ်မံဖြည့်သွင်းနိုင်ပါတယ်
  • ဆေးကုသမှုခံယူချိန် ရွေးချယ်ပါ
  • (၂) ပတ်မှ (၁) လအတွင်းခရီးသွားခြင်း ရှိ/မရှိ ရွေးချယ်ပါ
  • အလုပ်အကိုင်ကိုလည်း ရွေးပေးနိုင်ပေမယ့် မဖြစ်မနေထည့်သွင်းပေးဖို့မလိုပါဘူး
  • မသန်စွမ်းသူ၊ စစ်ဘေးရှောင် ဟုတ်/မဟုတ် အမှန်ခြစ်ပြီးထည့်သွင်းပေးနိုင်ပါတယ်
  • မှတ်ချက်ရှိရင်လည်းထည့်သွင်းပေးနိုင်ပါတယ်
  • အချက်အလက်များပြည့်စုံစွာထည့်သွင်းပြီးတဲ့အခါ Save ခလုတ်ကိုနှိပ်ပြီးသိမ်းပါ

Viewing patients

အချက်အလက်ထည့်သွင်းတာအောင်မြင်သွားရင် Home စာမျက်နှာကိုရောက်ပါမယ်။ မိမိထည့်သွင်းထားတဲ့ patient စာရင်းကိုတွေ့ရပါမယ်။ နောက်ဆုံးဖြည့်သွင်းတဲ့အချက်အလက်တွေကို ထိပ်ဆုံးမှာထားပြီးပြပေးပါမယ်

  • Up arrow icon နဲ့ပြပေးတဲ့အချက်အလက်တွေဟာ မိမိစက်ထဲမှာပဲသိမ်းထားတာဖြစ်ပြီး ပင်မ database ကိုမပို့ရသေးဘူးလို့ဆိုလိုပါတယ်
  • RDT positive လူနာတွေကို အနီရောင် highlight နဲ့ပြပေးပါတယ်

Patient row

  • patient record တစ်ခုစီရဲ့ညာဘက်မှာ အစက်သုံးစက်ခလုတ်ကိုနှိပ်ပါ။ “အသေးစိတ်ကြည့်ရန်” ကိုဆက်နှိပ်ပါ။ ငှက်ဖျားစစ်ဆေးမှုမှတ်တမ်းကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်

View Detail

  • မှတ်တမ်းများပြန်ပြင်စရာရှိလို့ update လုပ်ချင်ရင် “ပြင်ရန်” ခလုတ်ကိုနှိပ်ပါ

Sending information

  • Home စာမျက်နှာရဲ့အပေါ်ဆုံး top bar မှာ “ပို့မည်” ခလုတ်ကိုနှိပ်ပြီး အချက်အလက်တွေပေးပို့နိုင်ပါတယ်။

Upload

  • Confirm Upload ပေါ်လာရင် “ပို့မည်” ကိုနိပ်ပြီးအတည်ပြုပေးပါ

Confirm Upload

  • အချက်အလက်များ အဆင်ပြေပြေပေးပို့ပြီးသွားရင်တော့ up arrow icon ကနေ အမှန်ခြစ်ပုံစံပြောင်းပြပေးပါမယ်

Icon changes

Deleting records

ပင်မ database ကို အချက်အလက်တွေပို့ပြီးသည်ဖြစ်စေ၊ မပို့ရသေးဘူးဖြစ်စေ record တွေကိုဖျက်လို့ရပါတယ်။

  • Patient list ရဲ့ညာဘက်က အစက်သုံးစက်ကိုနှိပ်ပြီး “အသေးစိတ်ကြည့်ရန်” ဖြစ်ဖြစ်၊ “စာရင်းပြင်ရန်” ဖြစ်ဖြစ် နှိပ်ပါ

More button

  • အပေါ်ဆုံးက Top bar ရဲ့ညာဘက်က အစက်သုံးစက်ကိုနှိပ်ပြီး “ယခုစာရင်းကိုဖျက်ရန်” ကိုနှိပ်ပါ

Delete current record

  • Confirm delete ပေါ်လာရင် “Delete” ကိုနှိပ်ပါ

Confirm delete record

နောက်တစ်နည်းက ပို့ပြီးသား record တွေကိုဖျက်ပစ်တာပါ။ ပို့ပြီးသား record တွေဟာ မိမိအတွက်အသုံးမလိုတော့ဘူးဆိုရင် (သို့) လုံခြုံရေးအရဖျက်ဖို့လိုလာခဲ့ရင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ တန်းဖျက်နိုင်ပါတယ်။

  • Home စာမျက်နှာ အပေါ်ဆုံးက Top bar ရဲ့ညာဘက်အစွန်မှာ အစက်သုံးစက်ခလုတ်ကိုနှိပ်ပါ

More button topbar

  • “ပို့ပြီးသားစာရင်းများသာဖျက်ရန်” ခလုတ်ကိုနှိပ်ပါ။ ပို့ပြီးသားစာရင်းတွေဟာ ပင်မ database ထဲမှာရောက်နေပြီးဖြစ်တဲ့အတွက် မိမိစက်ထဲမှာအကုန်ပျက်သွားမှာဖြစ်ပြီး မပို့ရသေးတဲ့စာရင်းတွေပဲ ကျန်ခဲ့ပါလိမ့်မယ်

Delete only sent

Info and Guide page

Info နဲ့ Guide စာမျက်နှာကတော့ application အတွက်သိသင်တဲ့အချက်အလက်တွေ ဝင်ရောက်ဖတ်ရှုနိုင်မည့် စာမျက်နှာတွေဖြစ်ပါတယ်။

Info and Guide pages

FAQ

ပို့ပြီးသားစာရင်းတွေ ပြန်ပြင်လို့ရလား? ပို့ပြီးသားစာရင်းကို မိမိစက်ထဲမှာ မဖျက်ရသေးဘူးဆိုရင် ပြန်ပြင်လို့ရပါတယ်။ နောက်တစ်ခေါက်ပို့တဲ့အခါမှာ စာရင်းအသစ်အနေနဲ့မဟုတ်ဘဲ နဂိုစာရင်းကို update လုပ်ပေးသွားပါလိမ့်မယ်။ ပို့ပြီးသားစာရင်းကို မိမိစက်ထဲမှာဖျက်လိုက်ပြီဆိုရင်တော့ ပြန်ပြင်လို့မရတော့ပါဘူး။ ပင်မ database ကို စီမံခန့်ခွဲတဲ့အပိုင်းမှာပဲ ဆက်ပြင်ရမှာဖြစ်ပါတယ်။
စက်တစ်လုံးထက်ပိုသုံးလို့ရလား? Care report mobile application ဟာ authentication method ကိုအသုံးပြုထားတာမဟုတ်တဲ့အတွက် စက်ပစ္စည်းအလုံးရေ အကန့်အသတ်မရှိ ချဲ့ထွင်အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အချက်အလက်ပေးပို့သူတစ်ဦးဟာ စက်တစ်လုံးပဲအသုံးပြုသင့်ပါတယ်။ နောက်စက်တစ်လုံးမှာ မိမိ profile information အားလုံး တထပ်တည်းတူအောင်ဖြည့်ပြီးသွင်းပေမယ့် နောက်ထပ် profile တစ်ယောက်အနေနဲ့ စာရင်းဝင်သွားမှာဖြစ်ပါတယ်။
အင်တာနက်မရတဲ့နေရာတွေမှာ သုံးလို့ရလား? ရပါတယ်။ Case report application ကို အင်တာနက်မရတဲ့နေရာတွေမှာ သုံးနိုင်အောင် အဓိကဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ပင်မ database ကိုအချက်အလက်ပေးပို့တဲ့အခါမှာပဲအင်တာနက်ဆက်သွယ်မှု ရှိဖို့လိုအပ်ပါတယ်။
စက်ပစ္စည်းပျောက်ဆုံး/ပျက်စီးသွားတဲ့အခါ အရင် data တွေပြန်ယူလို့ရလား? မရပါဘူး။ အချက်အလက်ပေးပို့တဲ့ပုံစံဟာ မိမိစက်ပစ္စည်းကနေ ပင်မ database ကို တစ်ကြောင်းတည်းသွားတာဖြစ်ပါတယ်။ offline-first one-way sync ဖြစ်တဲ့အတွက် ပင်မ database ကနေ အချက်အလက်တွေ ပြန်မပို့ပေးပါဘူး။ ပင်မ database ကိုပို့ပြီးသားအချက်အလက်တွေဟာ လုံခြုံတဲ့နေရာကိုရောက်ပြီးဖြစ်ပေမယ့် မပို့ရသေးတဲ့အချက်အလက်တွေကတော့ ပြန်ယူလို့မရနိုင်တော့ပါဘူး။ အကြောင်းအမျိုးအမျိုးကြောင့် စက်ပစ္စည်းပျောက်ဆုံး/ပျက်စီးတဲ့အခါ နောက်ထပ်စက်အသစ်တစ်လုံးမှာ မိမိ profile information နဲ့ volunteer information တွေထပ်မံဖြည့်သွင်းပြီး ဆက်လက်အသုံးပြုနိုင်ပါတယ်။